ကျောက်ပန်းတောင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ဇွန်လ(၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ပြီး၊ ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်သင် ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ စုစုပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၄၉၇၂ ဦး၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ၁၃၃၉၀ ဦး မူလတန်း အဆင့်တွင် ၇၀၀၃ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၃၅၃၆၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယခုစာသင် နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဇွန်လ(၁)ရက်နေ့အထိ အခြေခံပညာ အထက်တန်းကျောင်း (၅၄)ကျောင်း တွင် ကျောင်းသား/ ကျောင်းသူ ၁၅၆၁၂ ဦး၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀၅)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၁၁၃၅၅ ဦး၊ မူလတန်းကျောင်း(၁၂၃)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၇၀၀၃ ဦး ကျောင်းအပ်နှံပြီးကျောင်းသိရပြီး စုစုပေါင်း ကျောင်း ၂၈၂ ကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃၉၇၀ ဦး အပ်နှံပြီးဖြစ်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)