တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား/သူ စုစုပေါင်း(၂၁၈၀၆)ဦး တက်ရောက်ပညာသင်ယူလျက်ရှိ
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများမှ လိုက်ပါပို့ဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၈၉၈)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။