ကော့ကရိတ် ဇွန် ၂
မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်ေန့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများသင်ကြားပို့ချ လျက်ရှိရာ ကျောင်းသားကျောင်သူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရန်၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထု၊ လုံခြုံရေးအဖွဲ့များ ပူပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကော့ကရိတ်မြို့တွင် အခြေခံပညာကျောင်း(၂၉၀)ကျောင်းရှိပြီး အ-ထ-က ကျောင်း(၉) ကျောင်း၊ အထကခွဲ (၂၄) ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အ-လ-က(ခွဲ) (၁၇)ကျောင်း၊ မူလွန်(၂၅)ကျောင်း၊ အ-မ-က (၁၃၅) ကျောင်း၊ အမကခွဲ(၃)ကျောင်း၊ ဘ/က(၁)ကျောင်း စုစုပေါင်း(၂၂၄)ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)