ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား သွားရောက်စစ်ဆေး

ကျောက်ဖြူ ဇွန် ၃

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအားသွားရောက်၍ ကြည့်ရှုအားပေးပြီး မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေထိန်းတာတမံများနှင့် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများသို့သွားရောက်ပြီး ၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှု၍ အားပေးစကားပြောကြားပြီး မုန်တိုင်းအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် ပြင်ဖြူမော်ရပ်ကွက်ရှိ ရေထိန်းတာမံပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များကို သွားရောက်ကြည့်ရှုူစစ်ဆေးရာ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)