အမ်း ဇွန် ၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း ၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းကို ဇွန်(၁)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားကြောင်းသိရသည်။
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင်အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် တွဲဖက်ဖွင့် လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေး မြူရေးအထက်တန်းကျောင်း တွင် အလယ်တန်းအဆင့် Grade- ၉ ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည်။
အဆိုပါကျောင်းတွင် အလယ် တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်း သားကျောင်းသူ စက်မှုပညာရပ်တွင် ကျား(၄၃) မ(၃၀)၊ စိုက်ပျိုး ရေးပညာရပ်တွင် ကျား(၁၄) မ (၁၆)၊ မွေးမြူရေးပညာရပ်တွင် ကျား(၅) မ(၆) စုစုပေါင်းကျောင်း သားကျောင်းသူ ကျား(၆၂) မ(၅၂)ပေါင်း(၁၁၄)ဦးက ပညာ ရပ်များကို သင်ယူလေ့လာတက်ရောက်ကြောင်းသိရှိရသည်။
စိုးမင်းထွန်း