ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျှက်ရှိရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

မောင်တော ဇွန် ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။

မောင်တောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ပညာသင်ကြား ပို့ချပေးလျက်ရှိရာ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား ကြည့်ရှုပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည် ကျောင်းများအား ယာယီအသစ် ပြန်လည် တည်ဆောက်ခဲ့သော သဝင်ချောင်းခွဆုံ (အောင်သုခ ကျေးရွာ)ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ပဲရုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ မြိုယု ကျေးရွာရှိ (ယာယီ) အခြေခံပညာမူလတန်းကျောင်း ယာယီစာသင်ဆောင်များအား တည်ဆောက်ပြီးစီးသည့် အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုများအား လှည့်လည်ကြည့်ရှုကာ ယာယီစာသင်ဆောင်များအတွက် လိုအပ်သည်များအား တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပဲရုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအား ပျက်စီးပြိုလဲနေမှုအားကြည့်ရှုကာ ကျောင်းထိုင် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၆ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၅ ကျောင်း ၊ မူလတန်း ကျောင်း ၃၃ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁ ကျောင်းနှင့် မြိုယုကျေးရှိ အမကယာယီ ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၂၁ ကျောင်းဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ အထက်တန်း ကျောင်း သား/ သူ ၁၇၃၉ ဦး ၊ အလယ်တန်း ကျောင်းသား/သူ ၃၄၄၄ ဦး၊ မူလတန်း ကျောင်းသား/သူ ၁၅၇၀၆ ဦး စုစုပေါင်း ကျောင်းသား/သူ ၂၀၈၈၉ ဦးက သက်ဆိုင်ရာကျောင်းများတွင် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)