လားရှိုး ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လားရှိုးခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံ ပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲ ကျင်းပသည့်နေရာသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်မည် ဖြစ်သည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” “Solutions to Plastic Pollution” ဆိုင်းဘုတ်ကို လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)