စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၃၃)စု တို့အား အိမ်ဆောက်ပစ္စည်းများစုပေါင်းလှူဒါန်း

စလင်း ဇွန်  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန္နဲပင်ကျေး ရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ပြည်သူလူထုစုပေါင်းထည့်ဝင်ငွေများဖြင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်များရှေ့မှောက်တွင် အိမ်ထောင်စု (၁၃) အိမ်ထောင်စုအတွက် ပထမအကြိမ် အိမ်ဆောက်ပစ္စည်းများကို မဲဖောက်စနစ်ဖြင့် ဆောင်ရွက်ပေး အပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ၊ ပိန္နဲပင်ကျေးရွာ၌ မတ်လ ၂၃ ရက်နေ့ညနေ ၅ နာရီ ၃၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အိမ်ခြေ(၃၃)လုံးမီးလောင် ဆုံးရှုံးခဲ့ကြရသည်။ ပိန္နဲပင်ကျေးရွာမီးဘေးသင့်အိမ်ထောင်စုများအား မိုးဦးကျပြီးချိန်တွင် အိမ်ထောင်စုတိုင်း ပြန်လည် ဆောက်လုပ်နေထိုင်နိုင်ကြစေရန်အတွက် ရပ်ဝေးရပ်နီးနှင့် ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် သစ်၊ ဝါး၊ ပျဥ်များဖြင့် သုံးပင်အိမ်အမျိုးအစားဖြစ်သည့် ဝါးကြမ်းခင်း ၊ ထရံကာ ၊ သက်ကယ်မိုးတို့ဖြင့် မီးဘေးသင့်အိမ်ထောင်စုတိုင်း ဆောက်လုပ်နေ ထိုင်နိုင်စေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာအောင် ကြီးကြပ်မှုဖြင့် ကျေးရွာတာဝန်ခံများ ၊ ကျေးရွာကော်မတီဝင်များဖြင့် တိုင်ပင်၍ စနစ်တကျ ပြန်လည်၍ မီးဘေးသင့် အိမ်ထောင်စု (၃၃) အိမ်ထောင်စုတို့အား တစ်ပြိုင်နက်ထဲ ဆောက်လုပ်နေ ထိုင်နိုင်ကြစေရန်ရည်ရွယ်၍ စီမံချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ရာ ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ပထမဦးစွာဖြင့် အိမ်ထောင်စု(၃၃)စုအနက်၊ အိမ်ထောင်စု (၁၃) အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းမျးဖြစ်သည့် တိုင် ၊ ဝါး ၊ ပျဥ်များနှင့် အခြားအိမ်ဆောက် ပစ္စည်းများကို မဲနှုက်စနစ်ဖြင့် ခွဲဝေချထားပေးခဲ့ကြောင်းနှင့် ကျန်ရှိနေ သေးသည့် အိမ်ထောင်စု (၂၀) အိမ်ထောင်စုတို့အတွက်လည်း အမြန်ဆုံးဆောက် လုပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာအောင်နှင့်ကျေးရွာ ကော်မတီများထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်