အိမ်မဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကမ္ဘာ့ပတ်ဝန် းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။
ဆက်လက်ပြီးအိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောခေါင်းဦးအောင်ဇော်ဝင်း က ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သတ်မှတ်ထားပုံအကြောင်း၊ မြို့နယ်အနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် ဆောင်ရွက်မည့် အစီအစဥ်များအကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်တို့ကိုအကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ဗီဒီယို အိမ်မဲမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် လွှင့်တင်ထားပြီး ပြည်သူများက အဆိုပါ အသိပညာပေး Talk Show ကို ကြည့်ရှု့ခြင်းဖြင့် မိမိနိုင်ငံ၊ မိမိမြို့၊ မိမိကျေးရွာတို့မှ သဘာဝပတ်ဝန်းကျင်များ ကိုထိန်းသိမ်းတတ်သည့် အလေ့အထကောင်းများရရှိလာမည်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)