သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန် ၊လဲ၊ စစ်၊ အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်

သိန္နီ   ဇွန်   ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က သိန္နီမြို့ ရက်ကွက်(၂)တွင် လိုက်လံဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်ကြက်ခြေနီအသင်း၊ ကျမ်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ်(၂)ရက်ကွက်အုပ်ချုပ်ရေးမှူးများက လူနေအိမ်များတွင် ခြင်များ အလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေအိုး၊ ရေပုံး၊ ဘုရားပန်းအိုးများ၊ ရေလောင်း အိမ်သာများတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမှတ်(၁) ရက်ကွက်နှင့်အမှတ်(၃)ရက်ကွက်တို့တွင် ဆောင်ရွက်ပြီးစီးဖြစ်၍ ကျန်ရှိသောရက်ကွက်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)