မိုင်းယောင်းမြို့နယ်တွင် အခွန်ထမ်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မိုင်းယောင်း  ဇွန်  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန် နေ့ ညနေ ၃ နာရီက အခွန်ထမ်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အခွန်ထမ်းပြည်သူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် မြေခွန်၊ ယစ်မျိုး ခွန်စသည့် အခွန် (၄)မျိုး ပြည့်မီစွာ ကောက်ခံရရှိရေး၊ လုပ်ငန်းလိုင်စင်များ သက်တမ်း မကုန်ဆုံးမီ ပြန်လည်လျှောက်ထားနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း