သီပေါမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားဆောင်ရွက်

သီပေါ ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာ၌ မြေငှားဂရန်များပေးအပ်ခြင်းအခမ်းအနားကို ယမန် နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျေးရွာမြေငှားဂရန်များကိုပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ဦးနှင့် နမ့်ရမ်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုင်းအောင်သိန်းတို့က မြေငှားဂရန်(၁၃၆)ခုတို့အား ကျေးရွာပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကျေးရွာနေပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)