တန့်ယန်း ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်ဆု ပေးအပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပလောင်းလှူကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ဆရာတော် သံဃာတော်ကြီးများနှင့် ပရိယတ္တိသဒ္ဓမ္မပါလ စာအောင်ဆု ရှိကြသည့် သံဃာတော်များက ကြွရောက်၍ အလှူတော်ခံယူကြရာနယ်မြေခံ တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာ ရှင်ပြည်သူများတို့ကဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)