မြို့သစ်မြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ လျှပ်စစ်ဓာတ် အားအပြည့်ဝဖြန့်ဖြူးနိုင်

မြို့သစ်  ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရန်အတွက်မြို့သစ်မြို့၌ ယခင်တပ်ဆင်ထားရှိသော66/11kV (10)MVA အား(20) MVAဖြင့်အင် အားတိုးမြှင့် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ခဲ့ပြီဖြစ် ကြောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

ထိုသို့ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေးအတွက် ထရန်စဖော်မာများအဆင့်မြှင့်တင် ဆောင်ရွက်ရာ တွင်မြို့သစ်မြို့နယ် လျှပ်စစ်မန်နေဂျာဦးမြတ်ကိုကိုဦးဆောင် သောဝန်ထမ်းများ အဖွဲ့သည်မြို့သစ်မြို့ သစ်မြို့နယ်၊ ကံကြီးကျေးရွာအနီးဓာတ်အားခွဲရုံအတွင်း ယခင်တပ်ဆင် ထားရှိသော 66/11 ကေဗွီ10အမ်ဗွီအေ ထရန်စဖော်မာအစား 20 အမ်ဗွီအေ ထရန်စဖော်မာနှင့် ပြောင်း လဲအစားထိုးတပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများကြံ့ခိုင် ကောင်းမွန်ရေးစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း၊ ဗို့အားပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ပြောင်းလဲတပ်ဆင်သည့် 33/11 ကေဗွီ 20 အမ်ဗွီအေ ထရန်စဖော်မာ Tapping ချိန်ညှိခြင်းများ ကိုစနစ်တကျထိန်းသိမ်းပြုပြင် ဆောင်ရွက်ခဲ့သည်။

ထို့အပြင်ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ကိုလည်း စနစ်တကျပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုအခါဓာတ်အားခွဲရုံ၌ထရန်စဖော်များအဆင့်မြှင့်တင်ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး သွားပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကိုဓာတ် အားပြည့်ဝစွာ သုံးစွဲနိုင် သည့်အပြင်ဓာတ်အား လျော့နည်းကျဆင်းမှုများလည်းကင်း ဝေးနိုင်ပြီဖြစ်ကြောင်းသိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)