မန္တလေး ဇွန် ၃
သစ်ပင်စိုက်လျှင် ဒို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏၊ သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ သာယာလှပ စိမ်းမြမြ၊ သက်ရှိအာဟာရတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့ အစရှိသည့် ဆောင်ပုဒ်များ နှင့်အညီ သစ်တောဦးစီးဌာနက ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တက်ရောက်ပြီး သစ်ပင်စိုက်ပျိုး ပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သစ်ပင်များစိုက်ပျိုးပေးခြင်း၊ တက်ရောက်လာ သည့် ဧည့်သည်တော်များက သစ်ပင်များစိုက်ပျိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြပါသည်။
အဆိုပါ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်