မုံရွာ ဇွန် ၃
ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြပွဲ၊ ဆွေးနွေးပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်သည့် လှုပ်ရှားမှု Campaign အား ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွင်း စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်၊ ဝန်ထမ်းများမှတစ်ဆင့် ပြည်သူလူထုသို့ လက်ဆင့်ကမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရေးနေ့အကြို နန္ဒဝန် ဝန်ထမ်းအိမ်ရာတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုခြင်း Campaign ကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါအိမ်ရာတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်အောင်မိုးနှင့် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းတို့က နန္ဒဝန် ဝန်ထမ်းအိမ်ရာတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုခြင်း Campaign ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်းက နန္ဒဝန် ဝန်ထမ်း အိမ်ယာသာယာရေးကော်မတီဥက္ကဋ္ဌထံ အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နန္ဒဝန် ဝန်ထမ်းအိမ်ရာအတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅၀၀ ကျော်ဖြင့် တပျော်တပါး စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်