ကျောက်ဆည် ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးရွာသွန်းမှုများပြီး ပဲတီစိမ်း စိုက်ခင်းအချို့ အောင်မြင်မှုနည်းပါးသော်လည်း အင်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ကောင်းမွန်သဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံကို တိုက်နယ် (၁) တွင် (၁၅၉) ဧက၊ တိုက်နယ် (၂)တွင် (၆၆၅) ဧက၊ တိုက်နယ် (၃) တွင် (၁၈၀၆) ဧက၊ တိုက်နယ် (၄) တွင် (၄၀၇) ဧက၊ တိုက်နယ် (၅) တွင် (၆၄၃) ဧက၊ တိုက်နယ် (၆) တွင် (၂၅၀၄) ဧက၊ တိုက်နယ် (၈) တွင် (၁၆၅၄) ဧက၊ တိုက်နယ် (၉) တွင် (၁၀၉၃) ဧက၊ တိုက်နယ် (၁၀) တွင် (၁၀၂၈) ဧက စုစုပေါင်း (၉၉၅၉) ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံသည် စိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့်စိုက်ပျိုးပါက ရေသွင်းရေထုတ်လိုအပ်သလို ပြုလုပ်နိုင်သဖြင့် အပင်ဖြစ်ထွန်းမှုနှင့် အသီးထွက်နှုန်းပိုမိုသေချာကြောင်း၊ ခူးဆွတ်ရာတွင်လည်း (၅) ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး ပဲတီစိမ်းတစ်ဧကတွင် အပင်အပြုအစုနှင့် ရာသီ၌တုအပေါ်မူတည်၍ တင်း (၂၀) မှ (၃၂) တင်းအထိ ထွက်ရှိကြောင်း ပဲတီစိုက်တောင်သူ ဦးမျိုးမြင့်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)