ဝိုင်းမော် ဇွန် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃-ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်သိမ်းရေးနေ့အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီက ဝိုင်းမော် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စာမဆီးက Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှဦးစီးမှူး ဦးငြိမ်းထွန်းက၂၀၂၃-ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြေသာယာလှပရန်၊ ရေ၊ မြေ၊ တောတောင်နှင့်ရာသီဥတုပျက်စီးဖောက်ပြန်လာခြင်း အား တားဆီးထိန်းသိမ်းရန်၊ သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းမှရရှိသော အကျိုးကျေးဇူးများအား ပြည်သူအားသိမြင် နားလည်သဘောပေါက်စေရန်နှင့်ဒေသခံ ပြည်သူများပူးပေါင်းဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဝိုင်းမော်မြို့နယ်၌သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင်များ ဖြုန်းတီးမူမဖြစ်ပေါ်စေရေးအတွက် ဝိုင်းမော်မြို့နယ်တွင် ကြိုးဝိုင်း (၃)ဝိုင်းမှာ ဝါရှောင်ကြိုးဝိုင်း(၈၉၆၀၀)ဧက၊ မိုင်းနားကြိုးဝိုင်း(၄၉၂၂.၂၁)ဧက၊ နန့်ဝါကြိုးဝိုင်း (၃၀၈၀.၃၅)ဧကဖြစ်ပြီး ကြိုးပြင်ကာကွယ်တော (၂)ခုမှာ ဝါးရှောင်ကြိုးပြင်ကာကွယ်တော (၁၁၁၃၆၀)ဧကနှင့် ခန့်ဖူးကြိုးပြင်ကာကွယ်တော(၆၀၃၁၇.၆၆)ဧကရှိပြီး သဘာဝထိန်းသိမ်းရေး နယ်မြေ(၁)ခုမှာ အီမောဘွန်း အမျိုးသားဥယျာဉ် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဖြူစင်