ဒေါ့ဖုန်းယန် ဇွန် ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းက ပညာသင်ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး၊ ဌာနခွဲစာရေး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ဝန်ထမ်းသား၊ သမီးများ ဖြစ်သော အလယ်တန်းအဆင့် ကျောင်းသူ(၁)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ စုစုပေါင်း ဝန်ထမ်းသား၊ သမီး (၁၄)ဦးတို့ကိုတစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေသား (၂၈၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)