ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အခြေခံစစ်တုရင်ပြိုင်ပွဲ ကျင်းပ

ကလေး ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် အခြေခံစစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြိုင်ပွဲဝင်ကစားသမား (၈)ဦးဖြင့် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွောလ်ဆွင်းဗန်က သင်တန်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား(၈)ဦးကို အုပ်စု(၂)အုပ်စုခွဲ၍ ပြိုင်ပွဲကျင်းပရာ ပထမရရှိသော သင်တန်းသား ဦးဟာလိန်းအား သင်တန်းဆရာ ဦးဖိုးညီမှ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေးဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများကို အပတ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)