မရမ်းကုန်း ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂၅)အခြေခံပညာမူလတန်ကျောင်း၌ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်းရှိချုံနွယ်၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းစေရေး ဆောင်ရွက်ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင် ဦးဆောင်၍ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)