မိုင်းယောင်း ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ရှဲန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဖြည့်စွက်)ရန်ပုံငွေမှစ၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြသွားမည့် နမ့်ဟင်းတံတားတည်ဆောက်နိုင်ရေး ချပြရှင်းလင်းပွဲတွင် အမှာစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝမ်ရှဲန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေ၊ ကျောင်းကျန်းမာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တာကော်ဆားကျေးရွာတွင် ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လျှပ်စစ်မီးသွယ်တန်း၍ မီးရရှိရေး၊ မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်အချိန်အတွင်း ပြီးစီးရေးတို့ကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း