မန္တလေးမြို့ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနားပြုလုပ်

မဟာအောင်မြေ ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၇၀x၇၁ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက် တွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန ပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားအား အစီအစဉ် ၇ ခုဖြင့် ပြုလုပ်ခဲ့ရာ အခမ်းနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အစိုးရဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာန ညွန်ကြားရေးမူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တတ်ရောက်ခဲ့ပြီး အခမ်းနား အစီအစဉ်အရ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ အနိစ္စဝတ္တသင်္ခါရ စသော(၃)ဂါထာကို ရွတ်ဆိုပြီး သံဝေဂဉာဏ်ပွားများခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြီး‌နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှပင့်သံဃာအပါး(၄၀၀)အတွက် သင်္ကန်းအစုံ(၄၀၀)အား၊ ဘဒ္ဒန္တဝါသေဌာဘိဝံသ ဆရာတော်ကြီးထံသို့ ဆပ်ကပ်လှူဒါန်းခြင်း၊ ဈာပနအခမ်းအနားတွင် သံဃာ(၁၀၀၀၀)အတွက် တစ်ပါးလျှင် (၂၀၀၀၀)နှုန်းဖြင့် ငွေကျပ်သိန်း(၂၀၀၀)နှင့်၊ နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော်ကြီးများနှင့် တိပိဋကဆရာတော်ကြီးများ အလှူရံအဖြစ် ငွေကျပ်သိန်း (၇၅၀)ကျပ်အား သာသနာရေးညွှန်ကြားရေးမှူးချုပ်ထံသို့ လည်းကောင်း၊ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်ယာဉ်အတွက် ဒေါ်စန်းကြူ မိသားစုမှ ငွေကျပ်(၆၅)သိန်းကျပ်အား လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မိသားစုမှ ထပ်ဆောင်းအလှူငွေ ကျပ်သိန်း(၆၈၇) သိန်း၊ စုစုပေါင်း အလှူငွေကျပ်သိန်း(၃၄၃၇)သိန်းကျပ်အား လှူဒါန်းဆပ်ကပ်ပြီး၊ ဘဒ္ဒန္တဝါသေဌာ ဘိဝံသ ဆရာတော်ကြီးထံမှ သံဝေဂဂါထာနှင့် ရေစက်ချတရား နာယူကြည်ညိုခြင်း၊ သဗ္ဗေသင်္ခါရာ အနိစ္စာဟိ အစချီ သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများ၍ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း