မိုင်းဖြတ်မြို့နယ်၌ (၁၆)ကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​​​ဇွန် ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လစဉ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက(၁၆)ကြိမ်​မြောက် ဆွမ်းဆန်လှူဒါန်းခြင်းကို ဝမ်​နောင်ဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်ဆက်ကပ်လှူဒါန်းရာတွင် ဝမ်​နောင်ဘုန်း​တော်ကြီး​ကျောင်းတိုက် ​ကျောင်းထိုင်ဆရာ​တော် ဦးရတနဓမ္မောထံ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်​အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆွမ်းဆန်(၂၄)ပြည်ပါ ၂ အိတ်၊ စားဆီ ၆ ပိဿာ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထု​ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့​နောက် လှူဒါန်းမှုအစုစုအတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများ၌ သီတင်းသုံး​တော်မူ​သော သံဃာ​တော်အရှင်သူမြတ်များ ဆွမ်းအခက်အခဲမရှိ​စေ​ရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျ ဘုန်း​တော်ကြီး​ကျောင်းများသို့  ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

​​​​မြို့နယ်(ပြန်/ဆက်)