စကိုင်းနက်ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး ပထမနေ့ ကွာတာဖိုင်နယ်ပွဲစဉ်များကျင်းပ

ရန်ကုန် ဇွန် ၄

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်ထိ ထိုး‌ဖောက်နိုင်‌စေရန်‌ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ ရွှေသံလွင်မီဒီယာကစီစဥ်ကျင်းပသည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ပထမနေ့ကွာတာဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

ပြိုင်ပွဲပုံစံ၌ရွှေအောင်လံပွဲစဉ်ဖြစ်သည့်အတွက် အလဲထိုး၊ ဒိုင်ပွဲရပ်နှင့် အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးခဲ့သည်။

အဆိုပါပြိုင်ပွဲကွာတာဖိုင်နယ်၌ ၆၀ ကီလိုတန်းပြိုင်ပွဲများတွင်‌ စောနိုင်လင်း(ဒို့ရိုးရာ)နှင့် စောမူထော်ဂေး(YMA)ပြိုင်ပွဲတွင် ပထမအချီ၌ စောမူထော်ဂေး၏ ခေါင်းတိုက်ချက်ကြောင့် စောလင်းနိုင်အမှတ်စဉ်ရေတွက်ခံရသည်။

ဒုတိယအချီမှပဉ္စမအချီအထိ သူတင်ကိုယ်တင်ထိုးကြသော်လည်း ဒိုင်လေးဦးရှိသုံးဦးက အမှတ်ဖြင့် စောမူထောဂေးကို အနိုင်ပေးလိုက်သည်။ နောက်တစ်ပွဲဖြစ်သည့်လုံး တူရွယ်တူဖြစ်ကြသော အောင်ကျော်ကျော်(ဘိလပ်မြေစက်ရုံ)နှင့် ကျောက်ခဲ(ရာမညအားမာန်) ပြိုင်ပွဲမှာလည်း‌ ကျောက်ခဲ၏လက်သီးတွဲလုံး‌ကြောင့် စတုတ္ထုအချီတွင်‌ အောင်ကျော်ကျော်ကို အလဲထိုး အနိုင်ရရှိသွားသည်။ ၆၃.၅ကီလိုတန်းပြိုင်ပွဲများ၌ ဗျဂ္ဃ(ကျားဖြူ)၏ ထိုးလုံးထိုးကွက်ကြောင့် ပထမနှင့်ဒုတိယအချီတွင် မိုက်မိုက်(တော်၀င်ဧရာ)၊ အမှတ်စဥ်‌ ရေတွက်ခံရကာ ဆက်လက်မယှဥ်ပြိုင်၍ ဗျဂ္ဃအလဲထိုးအနိုင်ရသွားသည်။ စိန်လုံးချော (အောင်နိုင်သူ)နှင့် ရန်တိုင်းကျော်(လင်းယုန်)ပြိုင်ပွဲတွင် စိန်လုံးချော၏ လက်သီးတွဲလုံးများ‌ကြောင့် ရန်တိုင်း‌ကျော်ကို ဒုတိယအချီတွင် အလဲထိုးနိုင်ခဲ့သည်။ ၆၇ ကီလိုတန်းများတွင် က‌ညေားခွား(ဘိလပ်မြေစက်ရုံ)၏ ခြေကန်ချက်‌ကြောင့် ပထမအချီတွင် စောသာဂိ(ရန်စစ်ငြိမ်း)အနားခဲ့ရသည်။

က‌ညောင်းခွားလက်သီးထိုချက်ကြာင့်‌ ဒုတိယအချီတွင်‌ စောသာဂိကို အလဲထိုး အနိုင်ရရှိသွားသည်။ အဖိုးသွေး (အဖြူရောင်သွေးသစ်နှင့် လမ်းမယူ(ရာမညအားမာန်)ပြိုင်ပွဲတွင် အဖိုးသွေး၏ ဒူးတိုက်ချက်‌ကြောင့် လမ်းမယူ ပြန်မထနိုင်၍ အရှုံး‌ပေးလိုက်ရသည်။ ဆီမီးဖိုင်နယ် ၅၇ ကီလိုတန်းတွင် လှိုင်းထက်‌အောင်(ရွှေကုက္ကို)၏ ခြေကန်ချက်ကြောင့်ဒုတိယအချီတွင် အောင်ထက်ဟိန်း(ဇွဲကပင်မြေ)အနားတောင်းပြီး လှိုင်းထက်အောင်ကိုအနိုင်ပေးလိုက်သည်။ အဆိုပါပြိုင်ပွဲတွင် ၆၀ ကီလိုတန်တွင်‌ စောမူ‌ထော်ဂေး(YMA)၊ ကျောက်ခဲ(ရာမညအားမာန်)၊ ၆၃.၅ကီလိုတန်းတွင်ဗျဂ္ဃ(ကျားဖြူ)၊ စိန်လုံးချော(အောင်နိုင်သူ)၊ ၆၇ကီလိုတွင်က ညေားခွါး (ဘိလပ်မြေစက်ရုံ)၊ အဖိုးသွေး(အဖြုရောင်သွေးသစ်)တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီး ၅၇ ကီလိုတွင် လှိုင်းထက်အောင်(ရွှေကုက္ကို)ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။ ယင်းပြိုင်ပွဲ ဒုတိယနေ့ ကွာတာဖိုင်နယ်ပွဲစဉ်များကို ဇွန် ၄ ရက်မွန်းလွဲ ၂ နာရီတွင် SKYNET Sports-4SKYNET Sports-HDChannel  9 HD၊ ရုပ်သံလိုင်းတို့တွင် တိုက်ရိုက်ပြသွားမည်ဖြစ်ပြီး၊ ရုံ၀င်းကြေးအဖြစ် ငွေကျပ် ၅၀၀၀ ၊ကျပ် ၁၀၀၀၀ ၊ကျပ် ၁၅၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)