ပေါင် ဇွန် ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ဟောပြောပွဲပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက သပြေကုန်းရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ကျွဲ၊ နွား၊ ဆိတ်နှင့် ပတ်သက်၍ ကူးစက်ရောဂါများဖြစ်သည့် ပေါင်ပုပ်၊လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ ခွာနာ၊ လျှာနာရောဂါအပြင် အခြားသောကူးစက်ရောဂါများကို စနစ်တကျကာကွယ်ကြရန် ကာကွယ်ဆေးများကိုလည်း ပုံမှန်ဆေးထိုးပေးကြရန် လိုအပ်သောအကူအညီများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ အချိန်မရွေးလာရောက်ပြီး အကူအညီတောင်းခံနိုင်ပါကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ ဆိတ် ရောဂါကာကွယ်ခြင်းများအပြင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်များကို စနစ်တကျ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)