ကန့်ဘလူ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Photoshop ဖြင့် လက်ကမ်းစာစောင်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိမိတို့ဌာနအနေဖြင့် နေ့ကြီးရက်ကြီး နိုင်ငံတော်အထိမ်းအမှတ်နေ့များတွင် ၎င်းနေ့များနှင့်ပတ်သက်၍ ဗဟုသုတများရရှိစေရန်နှင့် အထိမ်းအမှတ်နေ့များအား သိရှိအမှတ်ရနေစေရန်အတွက် လက်ကမ်းစာစောင်များကိုထုတ်ဝေ၍ တစ်နိုင်ငံလုံးရှိ ပြည်သူများ ကျောင်းသားကျောင်းသူလူငယ်များ လက်ဝယ်အရောက် ဖြန်ချီပေးလျက်ရှိရာ လက်ကမ်းစာစောင်မူကြမ်းများ ပြုလုပ်ပေးပို့ရာတွင် ဝန်ထမ်းများကိုယ်တိုင် ပြုလုပ်တတ်စေရန် အရည်အသွေးကောင်းမွန်သော လက်ကမ်းစာစောင်များ ပြုလုပ်တတ်စေရန်အတွက် ရည်ရွယ်၍ ယခုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၃ ရက်မှ ၄ ရက်အထိ(၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းတွင် သင်တန်းသားဝန်ထမ်း(၇)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ ဦးမျိုးကိုကိုအောင်က Photoshop ဖြင့် လက်ကမ်းစာစောင်ပြုလုပ်ရာတွင် ကော်လံခွဲနည်း၊ ဓာတ်ပုံထည့်သွင်းနည်း၊ စာရိုက်နည်းဒီဇိုင်းဆွဲနည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)