ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြင့် လှိုင်းဘွဲမြို့၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)ကားလမ်းနံဘေး ဝဲယာတစ်ဖက်စီ၌  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများစုပေါင်း၍  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကွမ်တာကျေးရွာ ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ်၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိသည်။

စလင်းမြို့နယ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု ရုံးပင်ကန်ကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးစိုက်ခင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အမှတ်တရ သစ်ပင်စိုက်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု၊ ရုံးပင်ကန်ကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးစိုက်ခင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌(၇၃)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းချုပ်မှ  ကြီးမှူးကျင်းပခဲ့သော (၇၃) ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်  ဗုဒ္ဓဝင်စာမေးပွဲ  ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ  ဓမ္မရာဇိန်ဘုန်းကြီးကျောင်း၌ ကျင်းပသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျေးရွာများရှိ လူနေအိမ်၊ အဆောက်အဦများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့မည့်ပစ္စည်းများရောက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မေလ ၁၄ ရက်၊ ည ၇ နာရီအချိန်တွင် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်၊ ဘာသာရေး အဆောက်အဦနှင့် ဌာနဆိုင်ရာအဆောက်အဦး များ ပျက်စီးမှုများအတွက် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းများ သည် ဇွန်လ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖလမ်း မြို့၌ ရောက်ရှိလာကြောင်း သိရသည်။

မန္တလေးမြို့၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား နေ့စဉ် ရဟန်းရှင်လူအများပြည်သူ  (၅၀၀၀)ကျော်ဦးခန့်လာရောက်ဖူးမြှော်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှ လာရောက်ဖူးမြော်သူ နေ့စဉ်ရဟန်းရှင်လူ အများပြည်သူ(၅၀၀၀)ကျော်ဦးခန့် လာရောက်ဖူးမြှော်လျက်ရှိသည်။

ပြည်မြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက် ယနေ့တွင်ကျရောက်သော "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်သည်။

ပိုင်ကျုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  ကလေးအလုပ်သမားများ လျှော့နည်းပပျောက် ရေးစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ၂၀၂၂ခုနှစ်တွင် ထုတ်ဝေသည့် ဒေါနမြေလက်ကမ်း စာစောင်အား  ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကနောင်စုရပ်ကွက် တိုက်ကျောင်းလမ်းရှိ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ အများပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၈) နာရီအချိန်က မြို့အဝင်ဆေးရုံရှေ့တွင် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Subscribe to