ဖလမ်း ဇွန် ၅
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မေလ ၁၄ ရက်၊ ည ၇ နာရီအချိန်တွင် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်၊ ဘာသာရေး အဆောက်အဦနှင့် ဌာနဆိုင်ရာအဆောက်အဦးများ ပျက်စီးမှုများအတွက် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းများ သည် ဇွန်လ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖလမ်းမြို့၌ ရောက်ရှိလာကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် လူနေအိမ်အဆောက်အဦရှိ အိမ်ထောင်စုများကို ကူညီကယ်ဆယ်ထောက်ပံ့ပေးနိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပေးပို့ထောက်ပံ့လာသည့် ပစ္စည်းမှာ ကျားလုံချည်အထည်(၁၀၀)ထည်၊ မ လုံချည်အထည် (၁၀၀)ထည်၊ စောင်(၁၀၀)ထည်၊ တဘက်(၁၀၀)ထည်၊ ဒန်အိုး(၁၀၀)လုံး၊ ဇလုံ(၁၀၀)လုံး၊ တီရှပ်(၂၀၀)ထည်၊ ဆပ်ပြာ(၁၀၀)တောင့်၊ ခြင်ထောင်(၁၀၀)လုံး၊ ကျောင်းဝတ်စုံ(ကျား) (၁၀၀)ထည်၊ ကျောင်းဝတ်စုံ(မ) (၁၀၀)ထည်၊ ဓား(၁၀၀)ချောင်း၊ ဇွန်း(၂၀၀)ချောင်း၊ သောက်ရေခွက်(၁၀၀)ခု၊ ရေချိုးခွက်(၁၀၀)ခု၊ ပန်းကန်ပြား(၂၀၀)ချပ်၊ ပလတ်စတစ်ပုံး (၁၀၀)ပုံးနှင့် တာပေါ်လင်စ (၁၀၀)စ (၂)လိပ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ဆိုင်ကလုန်မုန်တိုင်း (မိုခါ)ကြောင့် ထိခိုက်ပျက်စီဆုံးရှုံးသွားသည့် အဆောက်အဦများအတွက် သက်ဆိုင်ရာ အိမ်ထောင်စုများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်