ပိုင်ကျုံ ဇွန် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကလေးအလုပ်သမားများ လျှော့နည်းပပျောက် ရေးစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ၂၀၂၂ခုနှစ်တွင် ထုတ်ဝေသည့် ဒေါနမြေလက်ကမ်း စာစောင်အား ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ကလေးအလုပ်သမားပပျောက်ရေး၏ ရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ် သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ် သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့် အသိပညာပေးအချက်များစွာ ပါဝင်ကြောင်း သိရသည်။
ထိုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကလေးအလုပ်သမားပ ပျောက်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုတ ပိုမိုရရှိစေရန်ရည်ရွယ်ပြီးဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)