ဟင်္သာတ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကနောင်စုရပ်ကွက် တိုက်ကျောင်းလမ်းရှိ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် ပလတ်စတစ်သုံးစွဲမှုလျော့ကျစေရေး အဓိကထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပလတ်စတစ်သုံးစွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့ရပါကြောင်း၊ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအား ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီးနောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှူး ဦးကျော်စွာဝင်းက ဖတ်ကြားခဲ့ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip အား အခမ်းအနားသို့ တက်ရောက်လာသူများအား ပြသခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)