မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်း ဖွင့်လှစ်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်း၍သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကားပြောကြားသည်။