သရက်မြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉:၃၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။ 

မချမ်းဘောမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးများ ထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပင်းတယ၌ ဒေသထွက်ငရုပ်သီးဈေးကောင်းရရှိနေ၍ ငရုပ်သီးပျိုးပင်ပျိုးထောင်ရောင်းချသူများ ပိုမိုများလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကိုအဓိကစီးပွားရေးအဖြစ် ဘိုးဘွားအစဉ်အဆက်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့်သီးနှံများကို တောင်ယာခြံများနှင့် လယ်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် ပင်းတယဒေသထွက် ငရုပ်သီးများ ဈေးကောင်းရရှိနေ၍ ငရုပ်သီးပျိုးပင်ပျိုးထောင်ရောင်းချသူများပိုမိုများပြားလာကြောင်း သိရသည်။

တနင်္သာရီမြို့တွင်၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၃ခုနှစ်၊ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့( World Environment Day ) အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က တနင်္သာရီမြို့ မြို့မအားကစားကွင်း အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ကုတ်တက္ကသိုလ်ဘောလုံးကွင်းဘေး၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်​ အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်​အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

မုဒုံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်တောဦးစီးဌာနမှဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဘဲရမ်းကျေးရွာရှိ သုဿာန်ဝင်း၌ ကျင်းပသည်။

ကွတ်ခိုင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပမှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အမှတ်(၁)ရပ်ကွတ်၊ ပြည်လုံးချမ်းသာဘုန်းကြီး‌ကျောင်းဝင်းအတွင်း၌ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ကံမမြို့ ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး တတိယအကြိမ် အလှူငွေပေးအပ်ပွဲနှင့် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊    ကံမမြို့၊   အမှတ်(၂)ရပ်ကွက်    ကျောင်းကုန်းရပ်၊  ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား   ဘက်စုံပြုပြင်  မွမ်းမံတည်ဆောက်ရေး    (တတိယအကြိမ်) အလှူငွေ ပေးအပ်ပွဲ နှင့် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါဘုရားဝန်း၌  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့်ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာအကြီးအကဲများ၊   အလှူရှင်များနှင့် ဝတ်ရွတ်စဉ် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ 
Subscribe to