ကျောက်မဲမြို့ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့်ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ

ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းဆင်းပွဲကို မေတ္တာမွန်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးတောင်သူများ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာသဖြင့် လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ စိုက်ပျိုးရေ အဆင်ပြေမှု ကြောင့် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်ခြင်းနှင့် ငှက်ပျောဈေးကွက် အရောင်းအဝယ် ကောင်းမွန်လာ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုး တောင်သူများထံက သိရသည်။

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ဆုံဆည်းမြိုင်(အထူးဒေသ)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ဇရပ်ဆောက်လုပ်မှု ၈၀%ပြီးစီး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင်  သုသာန်ဇရပ် ဆောက်လုပ်ခြင်းအား ယခုနှစ်အစောပိုင်းက ဆုံဆည်းမြိုင်ကျေးရွာတွင် တည်ဆောက်ခဲ့ရာ ယခုအခါတွင် တည်ဆောက်ပြီးစီးမှု ၈၀% ပြီးစီးပြီးဖြစ်​​ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ပျားမွေးမြူရေးကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူလာနိုင်ခြင်းအကြောင်း အသိပညာပေးဆွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပျားလုပ်ငန်းဌာနတို့ပူးပေါင်း၍    လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမတွင် ယနေ့နံနက်ပိုင်းက ပျားမွေးမြူရေးကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ် မွေးမြူလာ နိုင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်‌ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင်မှ ထွက်ရှိပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ငှက်ပျောပင်မှထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အထက(မိုင်းဆတ်)ရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဿမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ မဟာပဌာန်းအောင်ပွဲ အခမ်းအနားကို မြို့နယ်ကျက်သရေဆောင် ရွှေမင်းဝန် စေတီတော်မြတ်ကြီး၏ သာသနဗိမာန်တော်၌ ယနေ့နံနက် ၇ နာရီက ကျင်းပသည်။
Subscribe to