ကွမ်းခြံကုန်းမြို့နယ်၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကွမ်းခြံကုန်း ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်းဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုသောက်ဆေး၊  ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်)၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးခြင်းများကို လစဥ် အလှည့်ကျစနစ်ဖြင့် တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့နယ်အနေဖြင် ကာကွယ်ဆေးထိုးနှံခြင်းကို မိခင်နှင့်ကလေး (၈၈)ဦးထိုး နှံပေးပြီးဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)