မန္တလေးမြို့၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား နေ့စဉ် ရဟန်းရှင်လူအများပြည်သူ  (၅၀၀၀)ကျော်ဦးခန့်လာရောက်ဖူးမြှော်

မဟာအောင်မြေ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှ လာရောက်ဖူးမြော်သူ နေ့စဉ်ရဟန်းရှင်လူ အများပြည်သူ(၅၀၀၀)ကျော်ဦးခန့် လာရောက်ဖူးမြှော်လျက်ရှိသည်။

ဆရာတော်ကြီးဘုရားကြီးသည် သာသနာတော်အကျိုးကိုသယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၄)နှစ်၊သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ ခုနှစ်၊နယုန်လဆန်း(၇)ရက်(၂၅-၅-၂၀၂၃) ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော် ဘုရားကြီး၏ ဥရုဇ ရုပ်ကလာပ်တော်အား မေလ(၂၆)ရက်နေ့မှ ဇွ‌န်လ(၆)ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံ‌ကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်လ (၆)ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ် ဟောင်းသို့ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် မီးပူဇော် အခမ်းအနားအား စည်းကား သိုက်မြိုက်စွာကကျင်းပသွားမည်ဖြစ်ပြီး နေ့စဉ် လာရောက်ဖူးမြှော်သူများအား ဆရာတော် ဘုရားကြီး၏ သမ္ဗုဒ္ဒေဂါထာတော်နှင့် ဆုံးမဩဝါဒများ၊သံဝေဂလင်္ကာလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း