ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာတွင် ဇွန်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ဥယျာဉ်ခြံမြေများတွင် နေ့စဉ်ဝင်ငွေ ရ မည့် သပြေ၊ စပယ်၊ ဇွန်ပန်းပင်များ စိုက်ပျိုးလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် ဇွန်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။