လှိုင်းဘွဲ ဇွန် ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)ကားလမ်းနံဘေး ဝဲယာတစ်ဖက်စီ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကွမ်တာကျေးရွာ ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊မြို့နယ်ရဲမှူး သိန်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးလှမြင့်ဦး၊ မြို့နယ်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်သန္တာမြင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကွမ်တာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက သစ်ပင်စိုက်မှ အရိပ်ရ၏၊ ရိပ်ခိုနားနေအပန်းဖြေ၏ ဆောင်ပုဒ်နှင့်အညီ အရိပ်ရအပင်များကို မော်တော်ကားလမ်းဘေး ဝဲယာတစ်လျှောက်၌ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအရ မြို့နယ်သစ်တောဦးစီးဌာနမှ မန်ဂျန်ရှား (၁၈၀)ပင်၊ မဟော်ဂနီ(၁၈၀)ပင်၊ ပျဉ်းမ(၁၈၀)ပင် စုစုပေါင်းပျိုးပင်(၅၄၀)ပင်နှင့်မြို့နယ်လမ်းဦးစီးဌာနမှ မဟော်ဂနီ(၁၇၅၀)ပင်၊မန်ဂျန်ရှား(၁၇၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၃၅၀၀)ပင်တို့ကို ကွမ်တာကျေးရွာ၊ ထီးဖိုးခီးကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာများရှိ ကားလမ်းဘေးတစ်ဖက်စီတို့တွင် အရိပ်ရရှိစေရေးတို့အတွက် ရည်ရွယ်၍စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးထံမှ သိရသည်။
လင်းသန့်(ပြန်/ဆက်)