စလင်း ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု၊ ရုံးပင်ကန်ကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးစိုက်ခင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ယူကလစ် (၄၉၆၂၀) ပင် ၊ ရှား (၂၂၃၈၅) ပင် ၊ ဝါး (၁၆၂၀) ပင်၊ ဒဟတ် (၇၅၀) ပင်၊ ဖျောက်ဆိတ် (၇၅၀) ပင် စုစုပေါင်း ကျေးလက်ဖွံ့ဖြိုးရေး စိုက်ခင်းတွင် ပျိုးပင်ပေါင်း (၇၅၁၂၅) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု၊ ရုံးပင်ကန်ကျေးရွာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်းကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေနှင့်ဝန်ထမ်းများ၊ ရုံးပင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇင်သင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၉၀)ကျော်ဖြင့် တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြသည်။ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁/၂၀၂၃ ကျေးရွာသုံးစိုက်ခင်းတွင် (၄၀၅၀၀) ပင်၊၂/ ၂၀၂၃ အခြားစိုက်ခင်းတွင် (၃၀၂၅၀) ပင်၊ ၃/၂၀၂၃ အထူးစိမ်းစိုက်ခင်းတွင် (၁၅၀၀) ပင်တို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်၊