နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

နမ့်ဆန် ဇွန် ၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ အများပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၈) နာရီအချိန်က မြို့အဝင်ဆေးရုံရှေ့တွင် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားအောင် ‌ဆောင်ရွက်ကြပါစို့” ဟုခေါင်းစဉ်ဖြင့် နိုင်ငံတွင်းနေထိုင်သူအားလုံး e-ID စနစ်ဖြင့် ဝန်ဆောင်မှုများ ကိုယ်စီရယူနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာ ရှိဦးတင်ထွန်းလင်းက “e-ID စနစ်ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Blographic Data) နှင့် (Biometric Data) ကို ကောက်ယူမှတ်ပုံတင်၍ (UID)နံပါတ် ဂဏန်း(၁၀)လုံးသတ်မှတ် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် e-ID စနစ်၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန် လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ်(Unique ID) ထုတ်ပေးရန်၊ Onile စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဖြစ်ကြောင််းနှင့် e-ID စနစ်ဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမားရေး Sim ကတ်မှတ်ပုံတင်ခြင်း ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှု လုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်ကို မြို့အဝင်ဂိတ်လမ်းသုံးခွ၊ လမ်းဆုံနေရာများသို့ အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)