ကျွန်းလှ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၇၆၈၀၄ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက် သီးနှံ ၇၂၇၀ ဧက၊ ကြံ ၇၄ ဧက၊ ဝါ ၆ ဧက၊ အခြားသီးနှံ ၁၆၉၀၀ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၆၈၀၄ ဧက လျာထားကြောင်း သိရသည်။
“ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးသီးနှံစိုက်ပျိုးဖို့ ဧက ၇၀၀၀၀ ကျော်လျာထားပါတယ်။ အချိန်မီ စိုက်ပျိုးနိုင်ရန် တောင်သူတွေ ဆောင်ရွက်နေကြပါတယ်။ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ်သုံး စွဲနည်းနှင့် စိုက်ပျိုးရေး နည်းပညာများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ