ရေဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စတင်ကျောင်းဖွင့်ရက်တွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြား

ရေဖြူ ဇွန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာသင်ကျောင်းများဖွင့်လှစ်လျက်ရှိရာ ရေဖြူမြို့ပေါ် အခြေခံပညာကျောင်းများအပြင် ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာဆရာမများက ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက် ပေးလျက် ရှိကြောင်း ရေဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ပြန်/ဆက်(ရေဖြူ)