မုံရွာ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်း (ခုံမင်းကြီး)၌ ယနေ့ နံနက်အချိန်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဦးဆောင်၍ မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ ကလေးများအား ပါးစပ်နှင့် နှာခေါင်းစည်းများ ပေးဝေခဲ့ ကြကြောင်း သိရသည်။ ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက်၊ အခြေခံ ပညာအလယ်တန်းကျောင်း (ခုံမင်းကြီး)၌ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ဦးရေ(၂၇၃)ဦး ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)