ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၅ ရက်နေ့နံနက်  ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်ဒေသထွက် သောက်ရေအိုးနှင့် အခြားအိုးများ ဈေးနှုန်းပုံမှန်သာ ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)၊တောင်ကုန်းရပ်မှ ထွက်ရှိသည့် သောက်ရေအိုးနှင့် အခြားအိုးများ ဈေးနှုန်း အတက်အကျ မရှိပဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ကိုင်ရောင်းချနေသည့် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ ဦးမြင့်စိုးထံက သိရသည်။

နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦး ဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။

ပုဇွန်တောင်မြို့နယ် Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ယနေ့ခေတ်လူငယ်များ စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ် သဲပြင်တောအုပ်စု ကောင်းတော်စစ်ကျေးရွာရှိ ထန်းပဒေသာပင်အား လာရောက်ကြည့်ရှုလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာအုပ်စု၊ ကောင်းတော်စစ်ကျေးရွာ တောင်သူ ဦးဘဝိုင်း၊ ဒေါ်လှတိုး ပိုင်ဆိုင်သည့် ယာထဲတွင် ထူးဆန်းစွာ ပေါက်ရောက်နေသည့် ထန်းပင်တစ်ပင်ထဲမှ ထန်းပင်အပွား ကိုးပင်ထွက်နေကာ ဒေသခံများမှ ထိုထန်းကိုးမွှာ ထန်းပင်အား ထန်းပဒေသာပင်ဟု ခေါ်နေကြပြီး လာရောက်ကြည့်ရှုလေ့လာသူများ အမြဲလာရောက် ဓာတ်ပုံ ရိုက်ကူးသူ များပြားလာကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်

မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၃၉)ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက     အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး ( Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to