မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ကြံခင်းမြို့နေပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကြံခင်း  ဇွန်   ၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ယနေ့နံနက်(၈)နာရီအချိန်က   ကြံခင်းမြို့ မဟာဘောဂလမ်းနှင့် သိပ္ပံလမ်းတောင့်တွင် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ‌ပေးလျက်ရှိသည်။

အဆိုပါ စားသုံးဆီများရောင်းချပေးနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းက ဆီဝယ်ယူနေသော ပြည်သူများအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီကို အခြေခံရည်ညွှန်းဈေး ၁-ပိသာလျှင်(၄၁၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျင် တစ်ပိဿနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)