ကျောက်မဲ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်း ၄ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၃ နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)ကျောက်မဲစာစစ်ဌာနတွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၁၈၇)ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အနက် (၁၅၁)ဦး အောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း(၈၀.၇၅)ရရှိပြီး၊ ၅ ဘာသာ(၄)ဦး၊ ၄ ဘာသာ(၆) ဦး၊ ၃ ဘာသာ(၇)ဦး၊ ၂ ဘာသာ(၁၆)ဦး၊ ၁ ဘာသာ (၃၄) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၉ ရက်နေ့နံနက်အချိန်က စတင်ထုတ်ပြန်ကြေညာထားခဲ့ပြီး၊ ကျောက်မဲမြို့နယ်အနေဖြင့် အောင်စာရင်းကပ်ထားကြေညာခြင်းကို ဇွန်လ ၉ ရက်နေ့ နံနက်(၄)နာရီမှ စတင်၍ ညနေ(၄)နာရီထိ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)