မိုင်ငေါ့ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ရုံးလုပ်ငန်းလက်စွဲစာအုပ်မှ အခန်း(၁၁) အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းခေါင်းစဉ်မှ ရည်ရွယ်ချက်ကို ပြောကြားရာ အစည်းအဝေးကျင်းပရာတွင် တတာဝန်ယူရသော ဝန်ထမ်းများအနေဖြင့် အစည်းအဝေးကျင်းပရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အအစည်းအဝေးတွင် လက်တွေ့ဆောင်ရွက်ရမည့် တာဝန်များနှင့် အစည်းအဝေးမှတ်တမ်းတင်ခြင်းတို့ကို စနစ်တကျ ပြုလုပ်ဆောင် ရွက်နိုင်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အစည်းအဝေး ဖိတ်ကြားခြင်း၊ အစည်းအဝေးအစီအစဉ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃-ဒေါ်ခိုင်နှင်းဆီက အစည်းအဝေးတက်ရောက်မည့် ပုဂ္ဂိုလ်များ ရောက်ရှိသည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ အစည်းအဝေးမှတ်တမ်းရေးသားခြင်း၊ အစည်းအဝေးမှတ်တမ်းဖြန့်ဝေခြင်း၊ အထွေထွေ စသည့် ခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)