ဂန့်ဂေါ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအား ယနေ့နံနက်ပိုင်းက အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
အ.ထ.က(ဂန့်ဂေါ)စာဖြေဌာနတွင် ဖြေဆိုအောင်မြင်မှုနှင့်စပ်လျဉ်း၍ “ကျား ၄၂၊ မ ၇၁ စုစုပေါင်း ၁၁၃ ဦးဖြေဆိုခဲ့ပါတယ်၊ အောင်မြင်မှုကတော့ ကျား ၂၃၊ မ ၅၆ စုစုပေါင်း ၇၉ ဦးအောင်မြင်ခဲ့ပါတယ်၊ ဂုဏ်ထူးထွက်တာကတော့ ၆ ဘာသာဂုဏ်ထူး(၁)ဦး၊ ၄ ဘာသာဂုဏ်ထူး(၃)ဦး၊ ၃ ဘာသာဂုဏ်ထူး(၅)ဦး၊ ၂ ဘာသာဂုဏ်ထူး(၁)ဦးနဲ့ ၁ ဘာသာဂုဏ်ထူး(၉)ဦး စုစုပေါင်း(၁၉)ဦး ဂုဏ်ထူးထွက်ခဲ့ပြီး ဂုဏ်ထူးရဘာသာရပ်အလိုက်ဆိုရင်တော့ စုစုပေါင်း ၄၄ ခု ဖြစ်ပါတယ်၊ ရိုးရိုးအောင်မြင်သူကတော့ ၆၀ ဦးဖြစ်ပြီး ၆၉ ဒသမ ၉၁ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်”ဟု အ.ထ.က (ဂန့်ဂေါ)ကျောင်းအုပ်ဆရာကြီးက ပြောသည်။
ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ(၂၄၇)ဦး အနက်မှ (၁၅၇)ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၃ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)