သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက်တိုးဇုန်ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

သာစည် ဇွန် ၉

 မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက်တိုးဇုန်(B-31) စိုက်ဧက ၄၀၀ ကွင်းသရုပ်ပြပွဲနှင့်မိုး/ မိုးနှောင်ချည် မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက  အောင်သာကျေးရွာအုပ်စု  ကွင်းအမှတ် (၁၇၉၄) တောင်သူဒေါ်ရီရီမြင့်နှင့်ဒေါ်ခင်နှင်းစိုးတို့၏ စိုက်ခင်း၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်စန္ဒာလင်းက မျိုးစေ့များအခမဲ့ ထောက်ပံ့ပေးရခြင်းအကြောင်းများနှင့် တောင်သူများက အကျိုးရှိရှိ ကြိုးပမ်းဆောင် ရွက်စေလိုကြောင်း၊ အခက်အခဲရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဌေးဌေးက မျိုးကောင်းမျိုးသန့်များ  စိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းသည်။

ထို့နောက်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက တက်ရောက် လာသော တောင်သူများအား မျိုးစေ့များထောက် ပံ့ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက်  တက်ရောက် လာသူများက (B-31) စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု  လေ့လာရာတာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲနှင့်မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများနှင့်ကျေးရွာ ၈ ရွာမှ ချည်မျှင်ရှည်ဝါစိုက် တောင်သူ ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)