ကလောမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ကလော ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ထားကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ ၂၀၂၂ -၂၀၂၃ နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာနများဖြစ်ကြသော အထက(၁) ကလော၊ အထက(၃) အောင်ပန်းနှင့် အထက(၄)ဟဲဟိုးတို့တွင်၊ စာစစ်ဌာန(၃)နေရာတို့ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၉၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာအနက်(၆၈၀)ဦး အောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း(၇၁ ဒသမ ၃၅) ရာခိုင်နှုန်းရရှိပြီး၊ ၆ ဘာသာဂုဏ်ထူး(၁၀)ဦး၊ ၅ ဘာသာဂုဏ်ထူး(၁၅) ဦး၊ ၄ ဘာသာဂုဏ်ထူး(၃၂)ဦး၊ ၃ ဘာသာဂုဏ်ထူး (၃၉)ဦး၊ ၂ ဘာသာဂုဏ်ထူး(၆၅) ဦး၊ ၁ ဘာသာဂုဏ်ထူး(၁၈၀)ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)